မတ္တရာမြို့နယ်၌ Mask Campagin ပြုလုပ်

မတ္တရာ ဇူလိုင် ၃

 

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပါးစပ်၊ နှာခေါင်းစည်းများ တပ်ဆင်ရေး Mask Campagin ကို  ဇူလိုင် ၃ ရက် နံနက်ပိုင်းက  စည်ပင်သာယာမြို့မစျေးနှင့် ပျံကျစျေးများတွင် ပြုလုပ်ခဲ့သည်။

 

Mask Campagin ပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင်များ၊  ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ နှာခေါင်းစည်း အခု ၁၂၅၀ ကို ပြည်သူများအား ဝေငှခဲ့ကြပြီး မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ သွားလာခြင်းများ မပြုလုပ်ရေး၊ သွားလာခဲ့ပါက ထွက်ခွာတိုင်း နှာခေါင်းစည်းများ တပ်ဆင်အသုံးပြုရေးတို့ကို အသိပညာပေး ပြောကြားခဲ့သည်။

 

mdn

 

 

မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ  လူမှုရေး အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက်   ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများ၊ မြို့အဝင်တွင် ကျန်းမာရေး စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

စိုးကျော်သူထွေး(မတ္တရာ)