မတ္တရာမြို့နယ်၌ တောင်သူ ၃၁၈ ဦးထံ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ပေးအပ်

မတ္တရာ   ဇန်နဝါရီ   ၂၆

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ ရေနံ့သာကျေးရွာအုပ်စု၊ နံ့သာမြိုင်ကျေးရွာရှိ အမှတ်(၁၅၃၊ ၁၅၃-) ဦးပိုင်ပေါင်း(၃၂၆) ယာမြေဧရိယာ(၃၁၉ ဒသမ ၁၇) ဧကအား တောင်သူ ၃၁၈ ဦးထံ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-) ပေးအပ်ပွဲကို ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်သူရသိန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခင်မောင်ထွေးက လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်(ပုံစံ-)များ ပေးအပ်နိုင်ရေးအတွက် လုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။ ထို့နောက် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲ့မှုအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူရသိန်းနှင့် တာဝန်ရှိသူများက နံ့သာမြိုင်ကျေးရွာရှိ အိမ်ထောင်စု ၃၁၈ ဦး၏ ကိုယ်စား တောင်သူများထံ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်(ပုံစံ-)များ ပေးအပ်ကြသည်။

 

ဆက်လက်၍ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်(ပုံစံ-)ရရှိသည့် အိမ်ထောင်စု ၃၁၈ စု ကိုယ်စား တောင်သူ ဦးအောင်ဝင်းထွေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ အဆိုပါ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်(ပုံစံ-)ပေးအပ်ပွဲသို့ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲ့မှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူရသိန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် နံ့သာမြိုင်ကျေးရွာမှ အိမ်ထောင်စု ၃၁၈ ဦး၏ ကိုယ်စား တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

စိုးကျော်သူထွေး(မတ္တရာ)