မတ္တရာမြို့နယ်၌ တရားမဝင်သစ်  ၅ တန်ကျော် ဖမ်းဆီးရမိ

မတ္တရာ ၇  ဧပြီ

 

ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် မြောင်မြစ်ကမ်းဘေး၌ ဧပြီလ ၆ ရက်နေ့က တရားမဝင် သစ်များ ဖမ်းဆီးရမိခဲ့သည်။

 

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်(CMRC)ဖြင့် သတင်းချပြချက်အရ ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းကျော်နှင့် ဝန်ထမ်းများသည် မွေပုံကန်ကျေးရွာအုပ်စု မွေပုံကန်(အရှေ့)ကျေးရွာ၊ မြောင်မြစ် ကမ်းတွင် စုပုံထားသောတရားမဝင်အင်သစ် ခွဲသားဆိုဒ်စုံ(၆)ချောင်း(၅.၄၈၆၂)တန်အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ပြီး ဉပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး သစ်ပိုင်ရှင်အား စုံစမ်း ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

စိုးကျော်သူထွေး(မတ္တရာ)