မတ္တရာမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံရေးလုပ်ငန်းများစတင်

မတ္တရာ မေ ၂

 

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် ၂၀၂-၂၀၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး ကျောင်းအပ်နှံခြင်းလုပ်ငန်းများကို မေ ၂၃ ရက်မှ စတင်ဆောင်ရွက်နေပြီဖြစ်ရာ ကျောင်းသား ကျောင်းသူများအား မိဘများက လာရောက်အပ်နှံလျက်ရှိသည်။

 

ကျောင်းအပ်နှံသည့် ကျောင်းသား ကျောင်းသူများအား KG တန်းမှစ၍  ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း ကျောင်းသုံးသင်ရိုးစာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများ၊ ကျောင်းဝတ်စုံများကို နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။

 

စိုးကျော်သူထွေး(မတ္တရာ)