မုဒုံမြို့၌ အခြေခံပညာ မူလတန်းစာသင်ကျောင်း မီးလောင်မှုဖြစ်ပွား

မုဒုံ၊ ၃၁ မေ

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် မြို့မ(၁)ရပ်ကွက် တပင်ရွှေထီးလမ်း  စာစင်အလယ်ပိုင်း အခြေခံပညာ မူလတန်းစာသင်ကျောင်းတွင် မေ ၃၀ ရက် ည ၈ နာရီ ၁၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာနေရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး စောစိုးစိုးမြင့် ဦးဆောင်၍  မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ရေသယ်ယာဉ် (၁)စီး၊ သန္ဓေ (၅)ဦး၊ အရန်မီးသတ် (၇)ဦးနှင့် ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြပြီး ည ၈ နာရီ ၂၅ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။ မီးလောင်မှုကြောင့် စာသင်ကျောင်းအတွင်းရှိ (၁၅×၂၀)ပေခန့် ကျောင်းရုံးခန်းအတွင်းရှိ စားပွဲခုံ (၁)လုံး၊ ကျောက်သင်ပုန်း (၁)ချပ်၊ ဘုရားစင်၊ စတီးစားပွဲ (၁)စုံ၊ ပန်ကာ (၂)လုံး မီးလောင်ခံရပြီး ထိခိုက်ဒဏ်ရာရရှိသူနှင့် သေဆုံးသူမရှိကြောင်းနှင့် မီးလောင်မှုဖြစ်စဉ်အား မြို့နယ်ရဲစခန်းမှ အမှုဖွင့်အရေးယူ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)