မုဒုံမြို့နယ် ကတုံးပေါ်ကျေးရွာ အမကကျောင်းသို့ MON PETROL Co. Ltd မှ ကျောင်းကြိုယာဉ်တစ်စီး လှူဒါန်း

မုဒုံ ၃၀ မေ

မုဒုံမြို့နယ်၊  ကတုံးပေါ်ကျေးရွာ အ.မ.က ကျောင်း၌  MON PETROL Co. Ltd မှ ကျောင်းကြိုယာဉ်ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို  ယနေ့ နံနက်  ၈ နာရီက ကျင်းပခဲ့သည်။

 

mdn

 

အခမ်းအနားတွင်  မွန်ပြည်နယ်၊  ဝန်ကြီးချုပ် ဒေါက်တာအေးဇံက အမှာစကားပြောကြားခဲ့ပြီး  ဦးမြင့်တင်က မော်တော်ယာဉ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍   ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက်   ကာလတန်ဖိုး  ငွေကျပ် သိန်း (၃၀ဝ)ခန့်၊  မီနီဘတ်မော်တော်ယာဉ် (၁)စီးအား   ပေးအပ်လှူဒါန်းခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှူး ဒေါ်ကြူကြူသင်းမှ လက်ခံရယူပြီး  ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ 

အခမ်းအနားသို့  မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊   MON PETROL Co. Ltd မှ  ကုမ္ပဏီဝန်ထမ်းများ၊ ရပ်မိရပ်ဖများနှင့် ကျေးရွာနေပြည်သူများ စုစုပေါင်း (၁၂၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။

MDN