မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာနှင့် ရောင်းဒေါင်းကျေးရွာကြား မော်လမြိုင်-သံဖြူဇရပ် ကားလမ်းပေါ်ရေကျော်မှု ဖြစ်ပွား

မုဒုံ    ၁၈   ဇွန်    


မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ ယနေ့နံနက် ၇ နာရီခွဲက နှီးပဒေါကျေးရွာနှင့် ရောင်းဒေါင်း ကျေးရွာကြား မော်လမြိုင်-သံဖြူဇရပ်ကားလမ်း၊ မိုင်တိုင်အမှတ် (၃၄/၁) နှင့် (၃၄/၂) အကြားတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေများ စီးဆင်းလာမှုကြောင့် ကားလမ်းမပေါ် ရေ(၁)ပေခန့် ရေကျော်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

1

 


ကားလမ်းရေကျော်နေသော်လည်း မော်တော်ယာဉ်နှင့် ဆိုင်ကယ်များ ပုံမှန်ဖြတ်သန်းသွားလာလျက်ရှိကြောင်းနှင့် အဆိုပါ ရေကျော်သည့်နေရာသို့  မုဒုံမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး မိုးလွင်ဦး၊ ကမာဝက်နယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်ညီညီထွေးနှင့် ရဲတပ်ဖွဲ့ဝင်များ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြင့်ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်တပ်ဖွဲ့ဝင်များ၊ နှီးပဒေါကျေးရွာ အုပ်ချုပ်ရေးမှူးဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူများမှ လူနှင့် ယာဉ်အန္တရာယ် မရှိစေရေးအတွက်  ကြပ်မတ်စောင့်ကြည့်လျှက်ရှိပြီး ကားလမ်းရေကျော်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။


MDN