မုဒုံမြို့နယ် ဝင်းစိန်တောရကျောင်း ဆရာ​​တော်​ကြီး၏ သက်တော် ၁၀၁ နှစ်ပြည့်  ဝိဇာတဂုဏပူဇာ မင်္ဂလာကျင်းပ

မုဒုံ   ဇန်နဝါရီ   ၂၆

 

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကျောက်တလုံးကျေးရွာအုပ်စု၊ မြိုင်ကုန်းကျေးရွာရှိ ဝင်းစိန်တောရ ကျောင်းတွင် ၂၀၁၅ ခုနှစ် ဧပြီ ၂၆ ရက်က ပျံလွန်တော်မူခဲ့သည့် အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကေသရ ဆရာ​တော်ကြီး၏ သက်တော် ၁၀၁ နှစ်ပြည့် ဝိဇာတဂုဏပူဇာ အလှူတော် မင်္ဂလာအခမ်းအနားကို ဇန်နဝါရီ ၂၆ ရက်က ပြုလုပ်သည်။

 

အခမ်းအနားတွင် ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်ထားရှိရာ စံကျောင်းတော်၌ ရုပ်ကလာပ်တော်အား သင်္ကန်းလဲလှယ်ပေးခြင်း၊ ကျောင်းဝင်းအတွင်းရှိ စေတီနှစ်ဆူ ထီးတင်ပွဲ ကျင်းပခြင်း၊ ဆရာတော်ကြီးများအား ဆွမ်း၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ဝိဇာတမင်္ဂလာ အခမ်းအနားသို့ လာရောက်ကြသည့် ပြည်သူများအား စတုဒိသာ ကျွေးမွေးခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အောင်မျိုးသူ(ပြန်/ဆက်)