မုံရွာမြို့ ကမ်းနားအနီးတွင် ဆီပေပါများ မီးလောင်မှုဖြစ်ပွား

နေပြည်တော် ဇူလိုင် ၁၀

 

ယနေ့ နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် ကမ်းနားအနီးတွင် ဆီပေပါများ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မုံရွာခရိုင်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၃)စီး၊ မုံရွာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး နံနက် ၉ နာရီ ၄၅ မိနစ်တွင် Level(3) ယာဉ်အုပ်စုများ ထပ်မံထွက်ခွာငြှိမ်းသတ်ခဲ့ကာ မွန်းလွဲ ၁၂ နာရီ မိနစ် ၄၀ တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့