မုံရွာမြို့နယ်၊ ရေကန်စုကျေးရွာ၌ တီဗွီ  Saveguard မှ တစ်ဆင့် မီးလောင်မှုဖြစ်ပွား

နေပြည်တော် ၈  ဩဂုတ်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ရေကန်စုကျေးရွာနေ ဒေါ်ဝင်းနု ၆၂ နှစ် ၏ နေအိမ်၌ ဩဂုတ် ၇ ရက် နံနက် ၉ နာရီခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မုံရွာမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

 

ဖြစ်စဉ်မှာ အဆိုပါနေအိမ်ရှိ TV Saveguard ဝိုင်ယာရှော့ဖြစ်ကာ နေအိမ်ထရံသို့ မီးစတင်ကူးစက် လောင်ခဲ့ပြီး ပတ်ဝန်းကျင် နေအိမ်(၄)လုံး မီးကူးစက်လောင်ကျွမ်းကာ မိနစ်(၂၀)ခန့်အကြာ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

 

ရဲပြန်ကြား