မုံရွာမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား သတ်မှတ်ချက်များနှင့်အညီ ရောင်းချခြင်းရှိ၊ မရှိ ရှောင်တခင်စစ်ဆေး

မုံရွာ     ဇွန်      ၂၇

 

စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနလက်အောက်ရှိ တိုင်းဒေသကြီး ကြီးကြပ်စစ်ဆေးရေးအရာရှိရုံး စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ တာဝန်ရှိသူများပါဝင်သော စစ်ဆေးရေး အဖွဲ့သည် ဇွန် ၂၆ ရက်က မုံရွာမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် သတ်မှတ်ချက်များနှင့်အညီ ရောင်းချခြင်းရှိ၊ မရှိ ရှောင်တခင်စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထို့သို့စစ်ဆေးရာတွင် မုံရွာမြို့ပေါ်ရှိ စက်သုံးဆီဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်း၊ အခြင်အတွယ် ပြည့်မီမှန်ကန်မှု သတ်မှတ်ချက်များနှင့်အညီ ရောင်းချခြင်း၊ အများပြည်သူသို့ အဆင်ပြေစွာ ရောင်းချခြင်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှု ရှိ၊ မရှိ နှင့် ပုံး၊ ခွက်များဖြင့် တစ်ဆင့်ရောင်းချမှုမရှိစေရေးတို့အတွက် တာဝန်ရှိသူများမှ ရှောင်တခင်စစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။

 

မုံရွာမြို့ပေါ်ရှိ စက်သုံးဆီဆိုင်များကို  သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/ မရှိနှင့် သတ်မှတ်ချက်များအတိုင်း ရောင်းချခြင်း ရှိ/မရှိကို အခါအားလျော်စွာ ရှောင်တခင်စစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

(တိုင်းဒေသကြီး ပြန်/ဆက်)