မုံရွာမြို့တွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ ခြေပူးလက်ပူး၊ အဖုအကြိတ်နှင့် မီးလောင်ဒဏ်ရာရ လူနာများကို အခမဲ့ခွဲစိတ်ကုသပေးမည်

မုံရွာ  ၁၃   ဇန်နဝါရီ 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ ခြေပူးလက်ပူး၊ အဖုအကြိတ်နှင့် မီးလောင်ဒဏ်ရာရ လူနာများကို ဇန်နဝါရီ ၁၉ ရက်မှ ဖေဖော်ဝါရီ ၁ ရက်ထိ မုံရွာမြို့ရှိ ပြည်သူ့ဆေးရုံကြီး၌ အခမဲ့ခွဲစိတ်ကုသပေးမည်ဖြစ်ကြောင်း သိရသည်။

 

ေ

 

ထိုသို့ အခမဲ့ခွဲစိတ်ကုသပေးခြင်းကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ စားဖိုးမှူးများအသင်းနှင့် ဂျာမနီနိုင်ငံ German Inter Plast အသင်း၊ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံကြီး(မုံရွာ)နှင့် မုံရွာမြို့ပရဟိတအဖွဲ့များ ပူးပေါင်းပြုလုပ်ခြင်းဖြစ်ပြီး လူနာများအနေဖြင့် ဖုန်းနံပါတ် - ဝ၉၇၇၄၀ဝ၂၄၆၈၊ ဝ၉၄၀ဝ၅၅၂၂၈၃၊ ဝ၉၇၉၄၀၁၀၁၁၃နှင့် ဝ၉၇၇၇၅၅၀၉၆၃ တို့ကို ဆက်သွယ်စာရင်းပေးသွင်းနိုင်သည့်အပြင် လူနာလက်ခံရာဌာနဖြစ်သည့် မုံရွာမြို့ရှိ သုဓမ္မစာရီဗိမာန်၌လည်း စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

 

ေ

 

 အဆိုပါခွဲစိတ်မှုနှင့်စပ်လျဉ်း၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မြို့နယ်များမှ တစ်မြို့နယ်လျှင် လူနာ ၃ ဦးမှ လူနာ ၇ ဦးအထိ စုစုပေါင်း လူနာ ၁၀ဝ ခန့်ကို ပြည်သူ့ဆေးရုံကြီး(မုံရွာ)၌ ဂျာမနီနိုင်ငံ German Inter Plast အသင်းမှ ဆရာဝန်အဖွဲ့(၃)ဖွဲ့နှင့် မြန်မာဆရာဝန်များက ပူးပေါင်း၍ အခမဲ့ ခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်း တာဝန်ခံဆောင်ရွက်သူ ဦးကျော်တင်က ပြောသည်။ 

 

ေ

 

ထို့ပြင် လူနာများလာရောက် ကုသမှုခံယူရာတွင် အဆင်ပြေရေးအတွက် ချင်းတွင်း အားမာန်လူမှုကူညီရေးအသင်းများ ကွန်ရက်အသင်းဥက္ကဋ္ဌ ဦးဌေးဝင်းက “လူနာတွေကို မုံရွာမြို့ သုဓမ္မစာရီဗိမာန်နဲ့ မြို့မသတိပဋ္ဌာန်ကျောင်းမှာ တည်းခိုနေထိုင်ရေးအတွက် စီစဉ်ထားပါတယ်။ ဒါ့အပြင် ကျွန်တော်တို့က လူနာတွေကို ဆေးရုံကို ပို့ဆောင်ကုသပေးခြင်းနဲ့ တည်းခိုတဲ့နေရာကို ပြန်လည် ပို့ဆောင်ပေးခြင်း၊ ဆေးဝါးကုသမှုခံယူနေစဉ်အတွင်းမှာ နေထိုင်စားသောက်ရေးကို အကုန်လုံးတာဝန်ယူပေးသွားမှာပါဟု ပြောသည်။ 

 

ေ

 

အဆိုပါ  နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ ခြေပူးလက်ပူး၊ အဖုအကြိတ်နှင့် မီးလောင်ဒဏ်ရာရ လူနာများအား ဒုတိယအကြိမ် အခမဲ့ ခွဲစိတ်ကုသပေးခြင်းကို ဖေဖော်ဝါရီအတွင်း ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ပြည်သူ့ဆေးရုံကြီး၌ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။  

မွှေးကြူဇင်