“ Music Travellers – 7” MTV မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသမည်

နေပြည်တော်၊ စက်တင်ဘာ ၁၂

 

ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီအစဉ်များကို တိုးမြှင့်တင်ဆက်လျက်ရှိရာ  Friday Night Show အစီအစဉ် ဆန်းသစ်တင်ဆက်မှုအဖြစ်   “ Music Travellers - 7 ” MTV အစီအစဉ်ကို ၂၀၂၃ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်၊ သောကြာနေ့ ည(၉) နာရီခန့်တွင် MRTV-HD Channel မှ  ထုတ်လွှင့်ပြသမည် ဖြစ်သည်။

 

အဆိုပါအစီအစဉ်ကို တေးသံရှင်ယုန်လေးက စီစဉ်ပြီး ချောင်းသာကမ်းခြေသို့ သွားရောက်၍  တေးသံရှင် Dဖြိုး ၊ ဝေလျှံ ၊  ဆိုတေး ၊ မွန်ဆန်အောင် ၊ သာထူးအောင် ၊ ဥဂ္ဂါ၊ ရာဝဏ္ဏ ၊ မွန်ထွယ်အောင်၊ သီဟ၊ ဂျင်းနီ၊ ယွန်းတို့သည် အခြားအနုပညာရှင်များစွာနှင့်အတူ ကမ်းခြေအလှအပများနှင့်ယှဉ်တွဲကာ သီဆိုဖျော်ဖြေ တင်ဆက်ကြမည် ဖြစ်ကြောင်းနှင့်  (Replay) ထပ်မံထုတ်လွှင့်ခြင်းကို စက်တင်ဘာ ၁၇ ရက် တနင်္ဂနွေနေ့ နံနက် ၁၀ နာရီခွဲတွင် ပြသမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)