မူဆယ် မတ် ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့တွင် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန မူဆယ်ခရိုင် အားကစားနှင့်ကာယပညာ ကော်မတီက နွေရာသီအားကစားသင်တန်းများ (အခမဲ့)ဖွင့်လှစ်ခြင်းကို မိုးလုံလေလုံအားကစားရုံနှင့် အဆင့်မြင့်တင်းနစ်အားကစားကွင်းတို့၌ မတ် ၁၀ ရက်မှစ၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
အဆိုပါအားကစားသင်တန်းများတွင် ကြက်တောင်ရိုက်၊ တင်းနစ်၊ စစ်တုရင်၊ ကရာတေးနှင့် ကာယဗလ အားကစားနည်းများပါဝင်ပြီး စုစုပေါင်းသင်တန်းသား ၃၅၀ ကျော်အား သင်တန်းကာလ မတ် ၁၀ ရက်မှ ၃၀ ရက်အထိ သင်တန်းနည်းပြများက ကြီးကြပ်၍ (အခမဲ့)ဖွင့်လှစ်သင်ကြားပေး လျက်ရှိကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)


