မူဆယ်မြို့၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားပြုလုပ် 

 

မူဆယ်  ဇွန်   ၂၉

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ အ.ထ.က(၂)ကျောင်း၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးအခမ်းအနားကို ဇွန် ၂၈ ရက် မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့သည်။

 

ဦးစွာ မူဆယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းက အမှာစကား ပြောကြားသည်။ ထို့နောက်  မူဆယ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးက စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက် ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများ ပြုလုပ်ရသည့်   ရည်ရွယ်ချက်များ၊ အိမ်တွင်းမှု ကျောင်းအုပ်ဆရာမကြီး က ဗဟုသုတရဖွယ် စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာရန်၊ အကျိုးရှိသည့် စာပေများဖတ်ရှုလေ့လာပြီး မိမိဘဝ အတွက် လက်တွေ့အသုံးချရန် ဟောပြောကြသည်။

 

ထို့နောက် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊  မူလတန်းအဆင့်  ဆုရ ကျောင်းသား ကျောင်းသူ ၁၈ ဦးအား တာဝန်ရှိသူများက ဆုချီးမြှင့်ပြီး တက်ရောက်လာသည့်  ဌာနဆိုင်ရာတာဝန်ရှိသူများက ပြိုင်ပွဲတွင် ဆုရသည့်   ပန်းချီနှင့် စာစီစာကုံးနှင့် ကျောင်းစာကြည့်တိုက်အတွင်း ကျောင်းသား ကျောင်းသူများ စာပေလေ့လာဖတ်ရှုနေမှု များကို လှည့်လည်ကြည့်ရှုအားပေးကြောင်း သိရသည်။

ချယ်ရီမြေ(မူဆယ်)