မူဆယ်    မတ်    ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့တွင် နွေရာသီအားကစားသင်တန်းများကို မတ် ၉ ရက် ညနေပိုင်းမှစ၍ မြို့နယ်အားကစားကွင်း၌ ဖွင့်လှစ်သင်ကြားပေးသည်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မူဆယ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းသားလူငယ်လူရွယ်များ နွေရာသီ ကျောင်းပိတ်ရက်များအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန်နှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ နွေရာသီအားကစားသင်တန်းများကို(အခမဲ့) ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

အဆိုပါအားကစားသင်တန်းများတွင် ဘောလုံး၊  ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ် စသည့် အားကစားနည်းများပါဝင်ပြီး သင်တန်းနည်းပြများက စနစ်တကျသင်ကြားပေးမည်ဖြစ်ကြောင်းနှင့် သင်တန်းကာလကို မတ် ၉ ရက်မှ မတ် ၂၁ ရက်အထိ (အခမဲ့) ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။            

ချယ်ရီမြေ(မူဆယ်)