မူဆယ် ဇွန် ၁၀
နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်ထုတ်ပေးခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီခွဲက မူဆယ်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်သည်။
အဆိုပါ အထက်တန်းကျောင်းတွင် တက်ရောက်နေသည့် မူဆယ်မြို့နယ်နှင့် နမ့်ခမ်းမြို့နယ်တို့တွင် နေထိုင်သော ကျောင်းသား ကျောင်းသူများအား အသက် (၁၀) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID တို့ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မူဆယ်မြို့နယ် ဦးစီးမှူးရုံးမှ ထုတ်ပေးလျက်ရှိရာ မူဆယ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းမင်း၊ ခရိုင်ပညာရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး၊ မူဆယ်မြို့နယ် ဦးစီးမှူး၊ နမ့်ခမ်းမြို့နယ်ဦးစီးမှူးနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးတို့က ကြည့်ရှုစစ်ဆေးပြီး ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်တို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


