မူဆယ်မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့တွင် ငွေကျပ်သိန်း ၄၄၀၀ ကျော်တန်ဖိုးရှိ တရားမဝင်သိုလှောင်ထားသည့် ဓာတုပစ္စည်းများနှင့် ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဇူလိုင် ၂၉

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တို့တွင် ငွေကျပ်သိန်း ၄၄၀၀ ကျော်တန်ဖိုးရှိ တရားမဝင်သိုလှောင်ထားသည့် ဓာတုပစ္စည်းများနှင့် ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂၅ ရက် နံနက် ၉ နာရီခွဲတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ မန့်ဝိန်းနယ်မြေရှိ ဂိုဒေါင်အား သတင်းအရရှာဖွေရာ ဂိုဒေါင်တာဝန်ခံ ကြည်ဇင်ထွန်းကို TOYOTA LANDCRUISER PRADO မော်တော်ယာဉ်တစ်စီး၊ တရားမဝင် သိုလှောင်ထားသည့် ဓာတုပစ္စည်း သီအိုဖီလင်း အမ်ဟိုက်ဒရိုက် ၁၄ ဒသမ ၅ တန်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၃၈ လမ်းနှင့် ၁၃၉ လမ်းကြား၊ ၅၁ လမ်းရှိ ဂိုဒေါင်အား ပူးပေါင်းအဖွဲ့မှ ဝင်ရောက်ရှာဖွေရာ မန်နေဂျာ ဝေလင်း(ခ)ဝေလင်းထွန်းကို တရားမဝင် သိုလှောင်ထားသည့် ဓာတုပစ္စည်း ကောပါးဆာလဖိတ် ၂ တန်၊ ထိန်းချုပ်ဓာတုပစ္စည်းဖြစ်သည့် အမိုနီယမ်နိုက်ထရိတ် ၃ တန်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလတန်ဖိုးငွေကျပ် သိန်း ၄၄၀၀ ကျော်တန်ဖိုးရှိ ဓာတုပစ္စည်းဖြစ်သည့် သီအိုဖီလင်း အမ်ဟိုက်ဒရိုက် ၁၄ ဒသမ ၅ တန်၊ ကောပါးဆာလဖိတ် ၂ တန်၊ ထိန်းချုပ်ဓာတုပစ္စည်းဖြစ်သည့် အမိုနီယမ်နိုက်ထရိတ် ၃ တန်တို့ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်