မူကြိုအဆင့် အိမ်ဆောက်စွမ်းရည် ပြိုင်ပွဲ ကျင်းပ

ဝက်လက် ၁၆ မေ

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကြီးမှူး၍ ကလေးစာဖတ်ခန်းတွင်  မူကြိုအဆင့် အိမ်ဆောက်ပြိုင်ပွဲကို ယနေ့  နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။

 

332

 

ရှေးဦးစွာ ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်နှင့်ပတ်သက်၍ မြို့နယ်ဦးစီးမှူး ဒေါ် ဥမ္မာဝင်း မှ မူကြိုအဆင့် ကျောင်းသား/ကျောင်းသူများ ကိုယ်ရည်ကိုယ်သွေးမြင့်မားထက်မြတ်စေရေးအတွက် ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်းကို ပြောကြားသည်။

မူကြိုအဆင့် ကျောင်းသား/ကျောင်းသူ ၁၅ ဦးပါဝင်ယှဉ်ပြိုင်ရာ ပုံဆွဲစာအုပ်နှင့် မုန့်များ အသီးသီးဝေငှခဲ့ကြောင်း သိရှိရပါသည်။

စိုးစိုးလှိုင်