မူလတန်းပညာသင်ယူပြီးပါက အလယ်တန်းနှင့် အထက်တန်းကျောင်းပညာ ဆက်လက်သင်ယူနိုင်ရန် နှင့် အသက်မွေးဝမ်းကြောင်း သင်တန်းတက်နိုင်အောင် ဆောင်ရွက်ပေးမယ်

နေပြည်တော်  ၈ ဇန်နဝါရီ

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ရန်ကင်းပညာရေး ကောလိပ်မှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တွေ့ဆုံပွဲအခမ်းအနားမှာ မူလတန်း ပညာသင်ယူပြီးမြောက်ရေးကို အလေးထား အကောင်အထည်ဖော်နေကြောင်း အဲဒီလို မူလတန်းပညာသင်ယူပြီးမြောက်ပါက အလယ်တန်း၊ အထက်တန်းပညာဆက်လက် သင်ယူရန် နှင့် ဝါသနာပါသော အသက်မွေးဝမ်းကြောင်း သင်တန်း (သို့မဟုတ်) တက္ကသိုလ်ပညာရေး တက်ရောက်ဘွဲ့ ဒီဂရီတစ်ခုခုရပြီးပါက တန်ဘိုးရှိသောဘဝကို ပိုင်ဆိုင်နိုင်အောင် ကြိုးစားဆောင်ရွက် လျက်ရှိပါကြောင်း ပြောကြားသွားပါတယ်။

ဒါ့အပြင် အလွတ်ကျက်မှတ်သည့် ပညာရေးစနစ်မှ စဉ်းစားတွေးခေါ်သည့် ပညာရေးစနစ်ကို ပြောင်းလဲဖို့အတွက်  သင်ရိုးညွှန်းတမ်း အသစ်များတွင် ကျောင်းသားဗဟိုပြု သင်ကြားနည်းစနစ်ကို ဦးတည်ရေးဆွဲထားပြီး ကျောင်းသား၊ ကျောင်းသူများ၏ စဉ်းစားဝေဖန်ပိုင်းခြားနိုင်သည့် စွမ်းရည်၊ တီထွင်ဖန်တီးနိုင်သည့် စွမ်းရည်၊ ခွဲခြမ်းစိတ်ဖြာသုံးသပ် နိုင်သည့်စွမ်းရည် အစရှိသည့် စွမ်းရည်များကို အသုံးချပြီး လေ့လာသင်ယူနိုင်ရန် ရေးဆွဲလျက်ရှိပါကြောင်းလည်း ရန်ကင်းပညာရေး ကောလိပ်မှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများတွေ့ ဆုံပွဲအခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီးက ပြောကြားသွားကြောင်း သိရပါတယ်။

(MDN)