မူမှန်ပြက္ခဒိန်ရောင်းချ

နေပြည်တော် မေ ၁၆

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့ ပညာရှင်များက ရေးဆွဲထားသည့် မြန်မာသက္ကရာဇ် ၁၃၈၆-၁၃၈၇ ခုနှစ်၊ ခရစ်သက္ကရာဇ် ၂၀၂၅ ခုနှစ်အတွက် မြန်မာ-ရခိုင်-အင်္ဂလိပ် မူမှန်ပြက္ခဒိန်ကို ၂၀၂၄ ခုနှစ်၊ ဇွန်လမှစတင်၍ တစ်စောင်လျှင် ၁၀၀၀ဝိ/- (ကျပ်တစ်သောင်းတိတိ)ဖြင့် ရုံးအမှတ်(၃၅)၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန(နေပြည်တော်)တွင် ရောင်းချသွားမည်ဖြစ်သည်။

 

ပြက္ခဒိန်ရိုက်နှိပ်ထုတ်ဝေဖြန့်ချိသူများ အနေဖြင့် မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့က ရေးဆွဲထားသည့် မူမှန်ပြက္ခဒိန်ကို ဝယ်ယူသုံးစွဲခြင်းဖြင့် ဝိဝါဒကွဲပြားမှုမရှိသော ပြက္ခဒိန်ကို အများပြည်သူတို့အတွက် ရိုက်နှိပ်ဖြန့်ချိနိုင်မည်ဖြစ်ကြောင်းနှင့် အနုပညာဦးစီးဌာနအနေဖြင့်လည်း မူမှန်ပြက္ခဒိန်ရောင်းချရငွေကို နိုင်ငံတော်ရငွေအဖြစ် နှစ်စဉ်ပေးသွင်းလျက်ရှိသည်။

 

သတင်းစဉ်