မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပညာပေး ကာတွန်း၊ ပိုစတာ၊ ပန်းချီပြိုင်ပွဲဆောမြို့တွင် ကျင်းပ

ဆော  ၁၇   မေ 


ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်တွင် ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းအား သိရှိလိုက်နာပြီး လူရည်ချွန်များ ဖြစ်လာစေရန် ရည်ရွယ်လျက် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်ပညာရေးမှူးရုံးတို့ ပူးပေါင်းကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးပညာပေး ကာတွန်း၊ ပိုစတာ၊ ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ဆောမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ခန်းမတွင် ကျင်းပကြောင်း သိရသည်။


အဆိုပါပြိုင်ပွဲသို့ မြို့ပေါ်ရှိ ပန်းချီဝါသနာရှင် အထက်တန်းအဆင့်(၄)ဦး၊ အလယ်တန်းအဆင့် (၁၃)ဦး၊ မူလတန်းအဆင့်(၈)ဦး စုစုပေါင်း ကျောင်းသား၊ကျောင်းသူ (၂၆)ဦးတို့က ပါဝင်ယှဉ်ပြိုင် ကြကြောင်း၊ အဆိုပါ ပြိုင်ပွဲမှ ဆုရရှိကြသည့်ကျောင်းသား၊ ကျောင်းသူများကို ဇွန်လ (၂၆)ရက်နေ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်အဆင့်တွင် ဆုရရှိသည့် ကာတွန်း၊ ပိုစတာ၊ ပန်းချီများကို ဂန့်ဂေါခရိုင် ပညာရေးမှူးရုံးသို့ ဆက်လက်ပေးပို့သွားမည် ဖြစ်ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။


MDN