မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်  ၃၁   ဇန်နဝါရီ

 

ဗန်းမော်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၉ ရက် ညနေပိုင်းက  ရွှေကူမြို့နယ်၊ စီငန်းကျေးရွာ၊ ဗန်းမော်-ကသာကားလမ်းတွင် ထွန်းထွန်းမင်း မောင်းနှင်ပြီး စိုးမင်း လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၅,၃၈၀ နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့ကိုလည်းကောင်း၊ အလားတူ ယင်းနေ့နံနက်ပိုင်းက မြဝတီခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြဝတီမြို့၊ အမှတ်(၃)ရပ်ကွက်၊ လဂွမ်းအိမ်လမ်းပေါ်တွင် ဆန်းအောင်(ခ) အဖိုးကြီးအားရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၅၉၅ ပြားကိုလည်းကောင်း။

 

ထို့အတူ မူဆယ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၃၀ ရက် နံနက် ၆ နာရီက  မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ငွေဆင်အိမ်ရာ ဝင်းအနီး လမ်းတွင် ရဲရင့်မိုး(ခ) နွေဦးအား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၁၄၀ ပြားကိုလည်းကောင်း။

 

အလားတူ ယင်းနေ့နံနက် ၈ နာရီက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ သည် မဘိမ်းမြို့ နယ်၊ မဘိမ်း-မိုးမိတ်သွားလမ်း၊ မြစ်ဆုံကူးတို့ဆိပ် အနီးတွင် Royal Saloon CROWN အမျိုးအစား မော်တော်ယာဉ်မှာ ရှာဖွေရေးနေရာသို့ မရောက်မီ လမ်းဘေး၌ ရပ်ပြီး ယာဉ်မောင်းမှာထွက် ပြေးတိမ်းရှောင်သွားသဖြင့် မော်တော်ယာဉ်ကိုရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၈၃ ကီလိုကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေး ဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ  သိရသည်။

 

သတင်းစဉ်