မြဝတီ၊ ကျိုင်းတုံနှင့်တောင်ကြီးမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ  ဖမ်းဆီးရမိ

နေပြည်တော် ဖေဖော်ဝါရီ ၂၁  

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂၀ ရက် မွန်းလွဲ ၁၂နာရီ ၁၅ မိနစ် တွင် မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ အေးသာယာ (၂)လမ်းတွင် ကျော်ဇင်ဖြိုး(ခ)စောကိုဖြိုး အား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉,၇၅၀ ကိုလည်ကောင်း၊ ထိုနေ့ ည ၇နာရီခွဲတွင် ကျိုင်းတုံမြို့နယ်၊ ကတ်တောင်ကျေး ရွာအုပ်စု၊ ဝမ်ကွမ်းကျေးရွာအနီးတွင် လော်ချာ မောင်းနှင်ပြီး အားဂျူး လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၄၀၀ ကိုလည်းကောင်း၊ ယင်းနေ့ ညနေ ၅ နာရီခွဲတွင် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ပန်ကွေကျေးရွာအုပ်စု၊ နမ့်ဟူးကျေးရွာရှိ ကျင်းတေ(ခ)လောက်ကျင် ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၆၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား