မြဝတီ ဇွန် ၂၁
ကရင်ပြည်နယ် မြဝတီမြို့ ခရိုင်ပြည်သူ့ဆေးရုံကြီး၌ တာဝန်ထမ်းဆောင်မည့် တာဝန်ကျ သစ်လွင်သူနာပြုဆရာမ ၅၃ ဦးအား ကြိုဆိုတွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကျင်းပသည်။
ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်က အမှာစကားပြောကြားပြီး
ခရိုင်ပြည်သူ့ဆေးရုံကြီးမှ ခေတ္တဆေးရုံအုပ်ကြီး ဒေါက်တာဇင်မြင့်ဦးက ဖြည့်စွက် အမှာစကား ပြောကြားသည်။ ဆက်လက်ပြီး သစ်လွင်သူနာပြုဆရာမ ၅၃ ဦးက တစ်ဦချင်း မိတ်ဆက်ကြကာ တင်ပြလိုသည့် အကြောင်းအရာများကို ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သစ်လွင်သူနာပြုများအား ထားရှိမည့် အဆောင်များကို လိုက်လံကြည့်ရှု စစ်ဆေးကြပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)


