မြဝတီမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေး

မြဝတီ  ဇွန်      ၁၅

 

ကရင်ပြည်နယ်၊ မြဝတီမြို့၌ မိုးရာသီကာလတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခေတ်ခြင်းကို ယနေ့ နံနက် ၈ နာရီက အမှတ်(၄)ရပ်ကွက်တွင် ဆောင်ရွက်ပေးသည်။

 

ထိုသို့ဆောင်ရွက်ပေးရာတွင်  မြဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ခရိုင်အုပ်ချုပ်ရေးမှူး  ဦးကောင်း စံလင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်တာဝန်ရှိသူတို့က အမှတ်(၄)ရပ်ကွက်အတွင်းရှိ လုံးချင်းနေအိမ်များ၊   အိမ်ခန်းတန်းလျားတို့၌   တစ်အိမ်တက်ဆင်းဖြင့်   သွေးလွန်တုပ်‌ကွေးရောဂါ   ကြိုတင်ကာကွယ်နိုင်ရန်  အသိပညာပေး ဆွေးနွေးပြောကြားပေးပြီး ခြင်၊ ပိုးလောက်လန်းများ မပေါက်ဖွာစေရန်  အသုံးပြုနေသည့် ရေတွင်း၊  ရေကန်များ၊  ဘုရားပန်အိုးများအား ဖုံး၊ သွန်၊ လဲ၊ စစ်များ စစ်ဆေးခြင်းနှင့် အဘိတ်ဆေး ခတ်ခြင်းများကို  စနစ်တကျ စုပေါင်းဆောင်ရွက်ပေးသည်။

 

အလားတူ  မြဝတီမြို့နယ်အတွင်း ကျန်ရှိသည့်မြို့ပေါ်ရပ်ကွက်များ၊  အခြေခံပညာကျောင်းများတွင် အသိပညာပေးလုပ်ငန်းများ၊  ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို  ဆက်လက်ဆောင်ရွက်ပေးသွားမည်  ဖြစ်ကြောင်း သိရသည်။

ဇာဖြူဝင်း(မြဝတီ)