မြဝတီ ဇူလိုင် ၁၄
ကရင်ပြည်နယ် မြဝတီမြို့နယ်တွင် မြဝတီခရိုင်အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမအသင်း လီမိတက်၏ ၂၀၂၅-၂၀၂၆ ခုနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင် ဒါရိုက်တာ ရွေးချယ်တင်မြှောက်ပွဲကို ဇူလိုင် ၁၂ ရက်က မြဝတီမြို့ အမှတ်(၄)ရပ်ကွက် ဖူးသစ်ကိုယ်ပိုင် အလယ်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ဦးစွာ မြဝတီခရိုင် အစိုးရ ဝန်ထမ်းပေါင်းစုံ သမဝါယမ အသင်းလီမိတက်၏ သဘာပတိ ဦးဖြိုးမင်းဇော်၊ မြဝတီမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန္တာအောင်နှင့် သမဝါယမ အသင်းစုဥက္ကဋ္ဌ ဦးစိန်သောင်း တို့က အမှာစကားပြောကြားသည်။ ထို့နောက် အသင်း၏ အမှုဆောင်အဖွဲ့ အစီရင်ခံစာ၊ အသင်းစာရင်းစစ်အဖွဲ့ အစီရင်ခံစာ နှင့် ဘဏ္ဍာရေးရှင်းတမ်းတို့ကို ဖတ်ကြား တင်သွင်းခြင်းနှင့် အသင်းသား၏ အတည်ပြုချက် ရယူခြင်း၊ အသင်းသားဝေစု ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ဆက်လက်၍ ခရိုင်အစိုးရ ဝန်ထမ်းပေါင်းစုံ အမှုဆောင်အဖွဲ့ အသစ် ရွေးချယ်တင်မြှောက်ခြင်း၊ ကတိသစ္စာခံယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ


