မြဝတီမြို့နယ်၌ အခြေခံပညာကျောင်းများ စတင်အပ်နှံလျက်ရှိ

မြဝတီ  မေ ၂၃

 

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေ ၂၃ ရက်မှ ဇွန် ၂ ရက်နေ့အထိ သတ်မှတ်ထားကာ ယနေ့ နံနက် ၉ နာရီမှစတင်၍ ကရင်ပြည်နယ်၊  မြဝတီမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။

 

မြဝတီမြို့နယ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာကျောင်း ၆၈ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ကျောင်း၊ ကိုယ်ပိုင်ကျောင်း ကျောင်း စုစုပေါင်း ၇၉ ကျောင်း ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး နိုင်ငံတော်မှ ကျောင်းသား၊ ကျောင်းသူများအတွက် အခမဲ့ ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးခြင်းအပြင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ကျောင်းဝတ်စုံ၊ ခဲတံနှင့် ဘောပင်တို့ကို အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇာဖြူဝင်း(မြဝတီ)

 

 

၀၉၄၂၅၃၁၀၆၅၃

<[email protected]