မြဝတီ၌ မိကျောင်းသားပေါက် ရောင်းဝယ်ဖောက်ကားသူကို ဥပဒေဖြင့် အရေးယူထား

နေပြည်တော် ၂၃  ဇွန်

 

ကရင်ပြည်နယ်၊ မြဝတီမြို့၊ (၄)ရပ်ကွက်နေ ကမ္ဘာစိုး၏ နေအိမ်သို့ သတင်းအရ ဇွန် ၂၂ ရက်နေ့ နံနက် ၉ နာရီခွဲက မြဝတီမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဝင်ရောက်စစ်ဆေးရာ ကမ္ဘာစိုးနှင့်အတူ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်နေ ရဲအောင်လင်း ပါ ၄ ဦးအား တွေ့ရှိပြီး နေအိမ်ခြံစည်းရိုးထောင့်တွင် ကော်ပုံးဖြင့်ထည့်လျက် အလျား ၂ ပေခွဲခန့် မိကျောင်းသားပေါက် ၃ ကောင်အား တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

 

စစ်ဆေးချက်အရ ရဲအောင်လင်းမှ လွန်ခဲ့သော တစ်ပတ်ခန့်က ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ အလည်သွားစဉ် မိကျောင်းပေါက် ၁ ကောင်လျှင် ထိုင်းငွေ ၁၅၀ဝ ဘတ်ဖြင့် အလှမွေးရန်ဝယ်ယူခဲ့ကြောင်း သိရှိရသောကြောင့် ရဲအောင်လင်းအား မြဝတီမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း ရဲပြန်ကြားမှ သတင်းရရှိသည်။

 

သတင်းစဉ်