Myanmar Global Investment Forum နေပြည်တော်၌ ကျင်းပမည်

၂၉ သြဂုတ်


မြန်မာနိုင်ငံ  ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ဟောင်ကောင်အခြေစိုက် Euromoney Institutional Investor (Asia) တို့ပူးပေါင်း၍  Myanmar Global Investment Forum ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ  ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II)၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို  စက်တင်ဘာ  ၁၀  ရက်မှ  ၁၁  ရက်အထိ နံနက်  ၉  နာရီမှ  ညနေ    ၅    နာရီခွဲထိကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


ရဲထိုက်