၁၁ ဇန်နဝါရီ
ပရိသတ်တွေ စိတ်ဝင်စားစရာ ဖျော်ဖြေမှုအသစ်များနဲ့ အပြည့်နဲ့ အကြိုက်တွေ့စေဦးမယ့် Myanmar Idol Season 3 အစီအစဉ်ကို ၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ စတင်သွားမှဖြစ်တယ်လို့ သိရသည်။
ယခုကျင်းပမည့် Myanmar Idol Season 3 အစီအစဉ်မှာ ဒိုင်တွေအဖြစ် မြန်မာပြည်သိန်းတန်၊ မျိုးကျော့မြိုင်၊ အကယ်ဒမီ ရန်အောင်၊ တင်ဇာမော်တို့က ဆောင်ရွက်သွားမှာဖြစ်ပြီး အစီအစဉ် တင်ဆက်သူအနေဖြင့် ကျော်ထက်အောင် က ဆောင်ရွက်သွားမှာပါ။ Idol Winner ဆုကြေးကိုတော့ ကျပ်သိန်း ၅၀ဝ နှင့် Solo Album တစ်ချပ် ထုတ်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲ စတင်ထုတ်လွှင့်မှုများကိုတော့ ဧပြီလ ဒုတိယပတ်မှာ စတင်ထုတ်လွှင့်သွားမည်ဖြစ်ကာ နောက်ဆုံးပွဲစဉ်ကိုတော့ သြဂုတ်လ ဒုတိယပတ်မှာ စတင်ထုတ်လွှင့် ပြသပေးသွားမှာ ဖြစ်ပါတယ်။
Myanamr Idol Season 3 လူရွေးပွဲကို ဇန်နဝါရီ ၂၀ ရက်တွင် စတင်မည်ဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မကွေး၊ ပုသိမ် စတဲ့ မြို့ကြီးငါးမြို့အပြင် အခြား မြို့ပေါင်း ၂၀ မှာ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
(MDN)