မယ်စဲ့မြို့နယ်လုံးဆိုင်ရာ စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

မယ်စဲ့  ဇူလိုင်   ၁၂

 

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်၌ ၁၃၈၄ ခုနှစ် ဝါဆိုလပြည့်နေ့တွင် မြို့နယ်လုံးဆိုင်ရာ စုပေါင်းဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ယနေ့ နံနက် ၇ နာရီက မယ်စဲ့မြို့အဝင် ရတနာရန်အောင် စေတီတော်မှ မြို့နယ်ခန်းမရှေ့တစ်လျှောက် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

 

ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ မြို့ပေါ်ရပ်ကွက်မှ စေတနာရှင်ပြည်သူများက မယ်စဲ့မြို့သီရိမင်္ဂလာ ရတနာသုခ (မြို့မ) ကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဩဇေယျ အမှူးပြု၍ ကြွရောက်တော်မူလာကြကုန်သော ဆရာတော် သံဃာတော် အရှင်သူမြတ်တို့အား ဆွမ်းဆန်စိမ်း များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို စေတနာသဒ္ဒါတရားထက်သန်စွာ စုပေါင်း၍ လောင်းလှူခဲ့ ကြသည်။

 

မယ်စဲ့မြို့နယ်တွင် ဝါဆိုလပြည့် (ဓမ္မစင်္ကြာအခါတော်နေ့) ၌ မြို့နယ်လုံးဆိုင်ရာ စုပေါင်းဆွမ်းဆန်စိမ်း လောင်းလှူပွဲနှင့် ဘုန်းကြီးကျောင်းတက်သူများ၊ ကုသိူလ်ပြုသူများ၊ စတုဒိသာ ကျွေးမွေးသူများနှင့် စည်ကားလျှက်ရှိကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)