မယ်စဲ့မြို့နယ်၌ ၆ ရက်အတွင်း ကျောင်းအပ်နှံသည့် ကျောင်းသား ကျောင်းသူ ၅၈၃ ဦးရှိ

မယ်စဲ့  ဇွန်  ၁

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အခြေခံပညာကျောင်း ခုနစ်ကျောင်း၌ မေ ၂၆ ရက်မှစတင်၍ ကျောင်းအပ်နှံခြင်းလုပ်ငန်းများကို  လက်ခံဆောင်ရွက်လျက်ရှိရာ မေ ၃၁ ရက်အထိ ကျောင်းအပ်နှံသူ ၅၈၃ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မယ်စဲ့မြို့နယ်တွင် အထက်တန်းကျောင်း တစ်ကျောင်း၊ အလယ်တန်းကျောင်း တစ်ကျောင်း၊ မူလွန်ကျောင်း တစ်ကျောင်းနှင့် မူလတန်းကျောင်း လေးကျောင်း ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)