မယ်စဲ့မြို့နယ်၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မယ်စဲ့ ဇူလိုင် ၂၃

 

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်၌ မြို့နယ်သစ်တောဦးစီးဌာနမှ သစ်တောသယံဇာတ အရင်းအမြစ်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိရာ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက မယ်စဲ့မြို့အဝင် နယ်စပ်ကုန်သွယ်ရေးဂိတ်အနီး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဒေသအတွင်း အပူပိုင်းစိမ်းလန်း စိုပြည်စေရေးအတွက် သစ်တော ထိန်းသိမ်းမှုလုပ်ငန်းများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူအများ ပူးပေါင်းပါဝင် လာစေရေး ရည်ရွယ်၍

 

သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မိမိတို့ဒေသအတွင်း အထူးစိမ်းလန်းစိုပြည်ရေး လုပ်ငန်းများအဖြစ် တောင်စဉ်တောင်တန်းများ စိမ်းလန်းစိုပြည်လာစေရေး၊ လမ်းဘေးဝဲယာ သစ်ပင် စိုက်ပျိုးရေးတို့ကို စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားပြီး စိုက်ပျိုးမည့် ပျိုးပင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးအောင်ခိုင်စိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဘုန်းနိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်းများထံ ပေးအပ်ခဲ့သည်။

 

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူများက သတ်မှတ်ထားသည့် နေရာများ၌ ကျွန်း ၂၀၀၊ စိန်ပန်း ၅၀၊ လျှော်ဖြူ ၅၀၊ စုစုပေါင်း ပျိုးပင် ၂၀၀ တို့ကို စုပေါင်း စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)