မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး

မယ်စဲ့ စက်တင်ဘာ

 

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်များ၊ စေတနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ဩဂုတ် ၃၁ ရက်မှစ၍ မြို့နယ်ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

မယ်စဲ့မြို့နယ်တွင် ဩဂုတ် ရက်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ်အဖြစ် ရည်မှန်းအုပ်စုမှ လူဦးရေ ၁၀၀ ခန့်ကို ထိုးနှံပေးခဲ့ပြီး ယခု ဒုတိအကြိမ်အဖြစ် နိုင်ငံ့ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစု (၄၅)ဦး၊ အသက် (၆၅)နှစ်အထက် (၂၅)ဦး၊ ဘာသာရေးဆိုင်ရာပုဂ္ဂိုလ် ()ဦး၊ စေတနာ့ဝန်ထမ်း(၂၃)ဦး၊ စုစုပေါင်း(၉၅)ဦး ထိုးနှံပေးခဲ့သည်။

 

ယင်းကဲ့သို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ဆေးရုံမှ အထက်တန်းသူနာနပြု ()ဦးနှင့် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်ကာကွယ်ဆေးထိုးနှံသူများ အန္တရာယ်ကင်းရှင်းစေရေးအတွက် ကိုဗစ်ကာကွယ်ရေး နည်းလမ်းများကို လိုက်နာပြီး ထိုးနှံပေးခဲ့သည်။

 

ဆက်လက်၍ ဩဂုတ် ရက်တွင် မြို့နယ်ပြည်သူ့ဆေးရုံ၊ နမ့်မန်းကျေးရွာ၊ ဟိုစဲ့ကျေးရွာနှင့် ဩဂုတ် ရက်တွင် ပန်တိန်းကျေးရွာ၊ မယ်ဆည်နမ်ကျေးရွာတို့ရှိ သတ်မှတ်စုရပ်များ၌ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဝတ်ရည်(ပြန်/ဆက်)