မယ်ဆိုင်က ဂူထဲရှိ စီးဆင်းနေတဲ့ ရေစီးကြောင်းထဲမှာ သက်ကယ်သေတ္တာငယ်တွေ မျှောချ

ဘန်ကောက်  ၂၉  ဇွန်

ချင်းရိုင်ခရိုင်တွင်းရှိ ကျောက်လိုဏ်ဂူထဲမှာ ပိတ်မိနေတဲ့ လူငယ် ၁၃ ကို ကယ်ဆယ်ရေးအတွက် နည်းလမ်းမျိုးစုံအသုံးပြုပြီး လုပ်ဆောင်နေခဲ့ရာ ဒီနေ့ သောကြာနေ့ (ဇွန်၂၉) မှာတော့ သက်ကယ် သေတ္တာငယ်လေးတွေကို မျှောချမှာဖြစ်ပါတယ်။ ရေငုပ်သမားတွေ နဲ့ ဂူလမ်းကြောင်းတွေ ကျွမ်းကျင်တဲ့ နိုင်ငံခြားသား ပညာရှင်တွေကလည်း ထိုင်းနိုင်ငံတွင်းက  ရှာဖွေရေး လုပ်ဆောင်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုများလည်း ရှိနေပါတယ်။

ဂူတွင်းမှာ စီးဆင်းနေတဲ့ ရေစီးကြောင်းထဲမျှောချမယ့် ပလတ်စတစ်သေတ္တာပုံးငယ်လေးထဲမှာ  စာတိုလေးတစ်စောင်မှာ ရှာဖွေးရေးလုပ်နေသူတွေကို သူတို့ဘယ်မှာ ရှိနေတယ်ဆိုတာ ဖုန်းဆက်အကြောင်းကြားပေးဖို့ ရေးသားထားပါတယ်။ ဒါ့အပြင် သောက်ရေသန့်၊ အစားအစာ၊ ဆေးဝါး  အချက်ပြမီး၊ အမှတ်အသားလုပ်ရန် ဖောင်တိန်ပန်၊ တယ်လီဖုန်းလိုင်းသုံးခုပါတဲ့ ဖုန်းများ၊ လက်နှိပ်ဓာတ်မီး၊ ဖယောင်းတိုင်မီးနဲ့ မီးခြစ် တို့ပါရှိပါတယ်။

လိုဏ်ဂူထဲမှာ ရေတွေ များနေတဲ့အတွက် သူတို့ကို ရှာဖွေရန် အခက်အခဲဖြစ်ပါတယ်။ 

ဒီကနေ့ ထိုင်းဝန်ကြီးချုပ်လည်း လူငယ်တွေ ပိတ်မိနေတဲ့ ဂူမှာ ကယ်ဆယ်ရေးလုပ်နေသူတွေ နဲ့ မိသားစုဝင်တွေဆီကို ရောက်ရှိနေပါတယ်။

အသက် ၁၁ နှစ်ကနေ ၁၆ နှစ်အတွင်း လူငယ် ဘောလုံးသမား ၁၂ နှစ်ဦး နဲ့ သူတို့ရဲ့ အသက် ၂၅  နှစ်အရွယ် ဘောလုံးနည်ပြတို့ဟာ ချင်းရိုင်ခရိုင်တွင်းရှိ ကျောက်လိုဏ်ဂူ အတွင်းကို ဘောလုံးလေ့ကျင့်အပြီး သွားရောက်လေ့လာကြောင်း သိရပါတယ်။ စနေ့နေညနေပိုင်းက မိုးသည်းသည်းမဲမဲရွာသွန်းတဲ့အတွက် လူငယ် ၁၃ ဦးဟာ ဂူအပြင် ပြန်မထွက်နိုင်တာ ဒီနေ့ဆို ၆ ရက်မြောက်နေ့ရှိပြီဖြစ်ပါတယ်။

MDN