မယ်ဆိုင်ရှိ လိုဏ်ဂူအတွင်း ပျောက်ဆုံးနေသည့် လူငယ်(၁၃)ဦး (နောက်ဆက်တွဲ သတင်း)

၂၆ ဇွန်

ထိုင်းနိုင်ငံ မယ်ဆိုင်ရှိ လိုဏ်ဂူအတွင်းမှာ ပျောက်ဆုံးနေတဲ့ လူငယ် (၁၃)ဦးကို နိုင်ငံအဆင့်  ရှာဖွေရေးအဖြင့် သတ်မှတ်ထားပြီး ဒီကနေ့ ဇွန် ၂၆ ရက် မှာ ဆက်လက်ရှာဖွေနေကြောင်း သိရပါသည်။ ဒီကနေ့ ရှာဖွေရာမှာ ရေအောက်သွားနိုင်တဲ့ ယာဉ်အပါအဝင် ဝေဟင်မှာ ပျံနေတဲ့ ဒရုန်းတွေပါ အသုံးပြုနေတာလို့ သတင်းတွေမှာ ရေးသားထားပါသည်။ 

အသက် ၂၅ နှစ်အရွယ် နည်းပြ အီကပွန်နှင့် လူငယ် ဘောလုံးကစားသမား ၁၂ ဦး လွန်ခဲ့တဲ့ နှစ်နှစ်ကလည်း အဆိုပါ လှိုဏ်ဂူထဲ ရောက်ဖူးကြောင်း နည်းပြ အီကပွန်၏ facebook စာမျက်နှာမှ သိရသည်။

ပျောက်ဆုံးနေတဲ့ လူငယ် (၁၃)ဦးကို ရှာဖွေနေတဲ့ ထိုင်းဘုရင့် ရေတပ်မတော်က ရေငုပ်သမားတွေဟာ မိုးတွေရွာပြီး ဂူထဲမှာ ရေတက်လာတဲ့အတွက် ဆက်သွားလို့ မရတော့တဲ့အတွက် မနေ့ည ၉ နာရီက ခေတ္တရပ်ဆိုင်းလိုက်တယ်လို့ သိရသည်။

အခုဆိုရင် လူငယ် (၁၃)ဦး ပျောက်ဆုံးနေတာ ၃ ရက်မြောက်နေ့ ရှိပြီ ဖြစ်သည်။ ရှာဖွေရေး ရေငုပ်သမားတွေက ဂူနံရံပေါ်မှာ လူငယ်တွေရဲ့ လက်ရာတွေ နဲ့ ဂူကြမ်းပြင်မှာ ခြေများ ကို တွေ့ခဲ့ရတယ်လို့ ဆိုသည်။

နယ်စပ်စောင့်ရှောက်ရေး ရဲတပ်ဖွဲ့ကလည်း ဂူအပေါ်ကနေ ရဟတ်ယာဉ်ပျံသန်းပြီး ဂူကို ဝင်နိုင်တဲ့ တခြားဝင်ပေါက်ကို ရှာဖွေနေပါသည်။  

“အခုပျောက်ဆုံးနေတဲ့ လူငယ်(၁၃)ဦးကို ဘေးရန်ကင်းစွာ ရှိနေဖို့နဲ့ မိသားစုဝင်တွေနဲ့ ရှာဖွေနေတဲ့ သူတွေကို ထောက်ခံအားပေးနေကြောင်း” ထိုင်းဘုရင်က ဆုမွန်ကောင်း တောင်းကြောင်း သိရသည်။

ဂူအပြင်မှာလည်း လူနာတင်ယာဉ်တွေ နှင့်အတူ ဆေးဝါးကုသပေးမယ့် အဖွဲ့၊ ဘာသာရေးဆိုင်ရာဆုတောင်းနေသူများ နဲ့ မိသားစုဝင်များကစောင့်နေကြတယ်လို့ သိရပါသည်။

MDN