နာဂဒေသ လေရှီးမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး (၈)ဦးထပ်မံတွေ့ရှိ

လေရှီး အောက်တိုဘာ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့တွင် အောက်တိုဘာ ၂၆ ရက်က ကျန်းမာရေးမကောင်း၍ ကိုဗစ်-၁၉ ရောဂါ လက္ခဏာ သံသယရှိသူ (၄၈)ဦးအား Swab နမူနာယူ၍ RDT Tesr kit ဖြင့် စစ်ဆေးကြည့်ရာ (၈)ဦးသည် positive အဖြေထွက်ရှိခဲ့ပြီး (၄၀)မှာ Negative အဖြေထွက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့လူနာများအား မြို့နယ်ပြည်သူ့ဆေးရုံ Positive Center တွင် Community Based Facility Quarantine (၁၁) ရက် ထားရှိသွားမည်ဖြစ်ပြီး Negative အဖြေထွက်ရှိသူများအား ၎င်းတို့၏နေအိမ်တွင် သီခြားနေထိုင်လျက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ကိုဗစ်ကော်မတီနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့က စောင့်ကြည့်စစ်ဆေးလျက်ရှိသည်။

လေရှီးမြို့တွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ဇူလိုင်လမှ အောက်တိုဘာ ၂၇ ရက်အထိ ရောဂါပိုးကူးဆက်ခံရသူ စုစုပေါင်း (၇၉)ဦးရှိပြီး ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းပြီးသူ (၅၇)ဦးနှင့် သေဆုံးသူ (၁)ဦး၊ ဆေးကုသမှုခံယူနေသူ (၂၁)ဦးရှိကြောင်း သိရှိရသည်။

ဆိုင်းသား(လေရှီး)