နာဂ‌ဒေသ၊ လဟယ်မြို့တွင် မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး (Working Group) သင်တန်းပို့ချ

လဟယ် ဒီဇင်ဘာ ၂၇

 

စစ်ကိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် မြို့နယ်မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကော်မတီမှ ကြီးမှူးပို့ချသော မြို့နယ်အဆင့် အိမ်ထောင်စုလူဦးရေးစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေး (working group) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက နာဂရိုးရာယဉ်ကျေးမှုပြခန်း၌  ပြုလုပ်ခဲ့သည်။

 

သင်တန်းဖွင့်ပွဲတွင် နာဂ‌ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်း၀င်းက သင်တန်းဖွင့် အမှာစကားပြောကြားပြီး နာဂဒေသ လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဒေသဦးစီးမှူး ဦးစိုးတင့်အောင် (ဒုတိယညွှန်ကြားရေးမှူး)မှ လူဦးရေးစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေး သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။

 

အဆိုပါသင်တန်းကို နည်းပြသင်တန်းဆရာ (၂)ဦးမှ (၂)ရက်ကြာပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ လဟယ်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ ကျေးရွာအုပ်စု လူဦးရေးစာရင်းကောက်ယူရေးကြီးကြပ်ရေးအဖွဲ့ဌာနဆိုင်ရာ အကြီးအကဲများ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများ (၁၃၀) တက်ရောက်ခဲ့ကြောင်း သိရသည်။

 

လဟယ်(ပြန်/ဆက်)