နာဂဒေသလဟယ်မြို့တွင် နွေရာသီ ကွန်ပျူတာသင်တန်းနှင့် အင်္ဂလိပ်စာသင်တန်းဖွင့်

လဟယ်   ဧပြီ   ၂၂

 

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် သာသနာ့ပါလ ပရဟိတကျောင်းနှင့် ရန်ကုန်မြို့ Ability School သင်တန်းကျောင်းတို့မှ ကြီးမှူးဖွင့်လှစ်သော ဒုတိယအကြိမ်  Summer Computer & English Course နွေရာသီ (၁)လတာ ကွန်ပျူတာ အင်္ဂလိပ်စာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက လဟယ်မြို့ မာလာတောင် အားကစားခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

 

ရှေးဦးစွာ လဟယ်မြို့နယ် လုံခင်ထေရဝါဒ ဗုဒ္ဓသာသနာပြု ဆရာတော် အရှင်နန္ဒောဘာသက အဖွင့်ဩဝါဒ စကားမိန့်ကြားပြီး နာဂစီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဦးနေမင်းသူမှ သင်တန်းဖွင့် အမှာစကားပြောကြားသည်။

 

ဆက်လက်၍ ရန်ကုန်မြို့ Ability School သင်တန်းနည်းပြ ဆရာတော် ဦးကေသ၀ မှ သင်တန်း ဖွင့်လှစ်ရခြင်းရခြင်း ရည်ရွယ်ချက်၊ သင်တန်းအကြောင်းနှင့် သင်တန်းဖွင့်လှစ်သင်ကြားမည့် အစီအစဉ်များနှင့် ပတ်သက်၍ မိန့်ကြားတော်မူသည်။

 

ထို့နောက် သင်တန်းကာလအတွင်း လိုအပ်သောမီးစက်ဆီနှင့် ထွေထွေလိုအပ်ချက်အတွက် လှူဒါန်းပေးကြသော အလှူရှင်းများအား ဂုဏ်ပြုလက်မှတ်များပေးအပ်ခဲ့သည်။

 

အဆိုပါသင်တန်းတွင် အင်္ဂလိပ်စာ သင်တန်းသား/သူ (၂၀၀)ဦး၊ ကွန်ပျူတာ သင်တန်းသား/သူ(၆၀)ဦး စုစုပေါင်း (၂၆၀)ဦးအား သင်တန်းနည်းပြဆရာ (၈)ဦးဖြင့် (၁)လတာ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

(လဟယ် ပြန်/ဆက်)