နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ၃ ဘာသာနှင့် အထက် ဂုဏ်ထူးရရှိခဲ့သည့် ကျောင်းသားကျောင်းသူများကို ဂုဏ်ပြုဆုများချီးမြှင့်

လေရှီး စက်တင်ဘာ ၁၈

 

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ၃ ဘာသာနှင့်အထက် ဂုဏ်ထူးရရှိခဲ့သည့် ကျောင်းသားကျောင်းသူများအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ချီးမြှင့်သည့် ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ လေရှီးမြို့ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ တာဝန်ခံပညာရေးမှူး၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ဂုဏ်ထူးရရှိခဲ့သည့် ကျောင်းသားကျောင်းသူများတက်ရောက်ကြသည်။

 

ဦးစွာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပြီး တာဝန်ခံပညာရေးမှူးက တက္ကသိုလ် ဝင်တန်းစာမေးပွဲဖြေဆိုခဲ့မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ၃ ဘာသာနှင့်အထက် ဂုဏ်ထူးရရှိခဲ့သည့် ကျောင်းသား ကျောင်းသူ (၂၂) ဦးတို့ကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ချီးမြှင့်သည့် ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဂျိုင်းလော