နာဂရာမြစ်အတွင်း ကမ္ဘာလှည့်ခရီးသွားများအသုံးပြုသည့် လှေများအား ခရိုဆာမုန်တိုင်း ဖျက်ဆီး

၁၆ သြဂုတ်


အပူပိုင်းမုန်တိုင်းခရိုဆာသည် ဂျပန်နိုင်ငံအလယ်ပိုင်း ဂီဖူမြို့ရှိ နာဂရာမြစ်အတွင်း တင်ကျီးငှက်များ ငါးဖမ်းဆီးနေမှုကို ကြည့်ရှုရန် ကမ္ဘာလှည့်ခရီးသွားများအတွက် စီစဉ်ထားသည့် လှေများကို ဖျက်ဆီးသွားခဲ့သည်။


ငါးဖမ်းသမားများနှင့် ၎င်းတို့၏ လေ့ကျင့်ထားသော ရေကြက်များသည် ထူးခြားသော နွေရာသီအလှအပတစ်ခု ဖြစ်သည်။ မိုးသည်းထန်စွာရွာသွန်းခဲ့သောကြောင့် ဂီဖူမြို့လယ်ကို မြစ်ရေများ ဝင်ရောက်ပြီး ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည်။


ခရီးသွားဧည့်သည်ဦးရေ ၂၀ တင်ဆောင်နိုင်သည့် လှေလေးစင်းသည် ရေနှင့် မျောပါသွားပြီး ပျက်စီးခဲ့သည့်အတွက် ယနေ့သွားရောက်လည်ပတ်မည့် ဧည့်သည်များအနေဖြင့် ခရီးစဉ်ဖျက်သိမ်းခဲ့ကြောင်း သိရသည်။ ယခုအချိန်တွင် ရေများ ပြန်လည်ကျဆင်းသွားသော်လည်း ငါးဖမ်းသမားများအနေနှင့် ၎င်းတို့၏ လုပ်ငန်းများကို အန္တရာယ်ကင်းစွာ လုပ်ဆောင်နိုင်မည့်အချိန်ကို စိုးရိမ်စွာ စောင့်မျှော်လျက်ရှိကြောင်း သိရသည်။


ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန်- စုရည်