နာမည်ကျော် အဆိုတော်တစ်ဦး သေဆုံးမှုကြောင့် အီသီယိုးပီးယားနိုင်ငံ၌ အကြမ်းဖက်မှု ဖြစ်ပွားရာ လူ ၈၁ ဦး သေဆုံး

၂ ဇူလိုင်

 

 

အီသီယိုပီးယားနိုင်ငံ၊ အိုရိုမီရာဒေသတွင် နာမည်ကြီး အဆိုတော်တစ်ဉီး သေဆုံးမှုက အကြမ်းဖက် ဆန္ဒပြမှုများအဖြစ် ပြောင်းလဲသွားခဲ့ပြီးနောက် လူပေါင်း ၈၁ ဉီး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ အကြီးအကဲ တစ်ဉီးက ဇူလိုင်လ ၁ ရက်တွင် ပြောကြားခဲ့သည်။

 

 

သေဆုံးသူများထဲတွင် ဆန္ဒပြ အကြမ်းဖက်သူများနှင့် ရဲတပ်ဖွဲ့ဝင်များ  ပါဝင်ခဲ့ကြောင်း အိုရိုမီရာ‌ ရဲတပ်ဖွဲ့အကြီးအကဲက ရုပ်သံသတင်းစာ ရှင်းလင်းပွဲ တစ်ခု၌ ပြောကြားခဲ့သည်။

 

 

အီသီယိုပီးယားနိုင်ငံ၏ အိုရိုမိုလူမျိုးစု၏ အခွင့်အရေးများကို အလေးထားဆောင်ရွက်ခဲ့ပြီး ၂၀၁၈ ခုနှစ်အတွင်း ဝန်ကြီးချုပ်ဟောင်း ရာထူးမှနှုတ်ထွက်စေခဲ့သည့် ဆန္ဒပြပွဲများအတွင်း ထင်ရှားသောသူ တစ်ဦးဖြစ်လာခဲ့သည့် အဆိုတော်တစ်ဦးဖြစ်သူ ဟာချာလူဟွန်ဒက်ဆာကို ဇွန်လ ၂၈ ရက်က မည်သူမည်ဝါဟု မသိရသော သေနတ်သမားများ၏ ပစ်ခတ်မှုခံခဲ့ရသည်။

 

 

၎င်းသေဆုံးခဲ့ပြီးနောက် အီသီယိုးပီးယားနိုင်ငံ၏မြို့တော် အဒစ်အဘာဘာနှင့် အိုရိုမိုလူမျိုးတို့၏ဒေသ အိုရိုမီယာဒေသတွင် ဆန္ဒဖော်ထုတ်မှုများ ဖြစ်ပွားခဲ့သည်။

 

 

ဆန္ဒပြမှုများ ကျယ်ပြန့်လာမှုကို တားဆီးရန် အာဏာပိုင်များက ဇွန်လ ၃၀ ရက်တွင် ဒေသအချို့၌ အင်တာနက်လိုင်းများကို ပိတ်ထားခဲ့ကြောင်း မီဒီယာသတင်းများအရ သိရသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်