နာရီတာလေဆိပ်တွင် ခရီးသည် ၁၇၀ဝ၀ နီးပါး သောင်တင်လျက်ရှိ

၁၀ စက်တင်ဘာ

 

တိုင်ဖွန်းမုန်တိုင်း ဖက်ဆိုင်အရှိန်ကြောင့် တိုကျိုမြို့တော်နှင့် အနီးတစ်ဝိုက်တွင် သယ်ယူပို့ဆောင်ရေးများ ရပ်တန့်သွားခဲ့ပြီး လူပေါင်း ၁၇၀ဝ၀ ဦးမှာ ဂျပန်နိုင်ငံ နာရီတာလေဆိပ်တွင် သောင်တင်လျက်ရှိသည်။

 


ရထားလမ်းနှင့်ဘတ်စ်ကား ဝန်ဆောင်မှုများ ရပ်ဆိုင်းခဲ့ရပြီး တနင်္လာနေ့တွင် လူအများသည် လေဆိပ်တွင် စောင့်ဆိုင်းနေခဲ့ရသည်။ 

 

လေဆိပ်၌ ခရီးသည် ၁၇၀ဝ၀ ခန့် သောင်တင်နေကြောင်း အဆိုပါ လေဆိပ်၏ အော်ပရေတာက ပြောကြားခဲ့သည်။

 

အဆိုပါ လေဆိပ်အတွင်း သောင်တင်နေသည့် လူအများအား အိပ်စင်များ၊ ရေနှင့် မုန့်များ ဝေငှပေးခဲ့သည့်အပြင် မိုလ်ဘိုင်းဖုန်းအားသွင်းသည့် စင်များကို တည်ဆောက်ပေးခဲ့ကြောင်း လေဆိပ်တာဝန်ရှိသူက ပြောကြားခဲ့သည်။ 

 

ချီဘာ၊ အိုင်ဘာကီနှင့် ကန်နာဂဝါစီရင်စုတို့တွင် လျှပ်စစ်မီးများ ပြတ်တောက်လျက်ရှိသည်။

 

လူအများ ခေတ္တတည်းခိုရာ နေရာများနှင့် ဆေးရုံများကို အဓိကထားပြီး လျှပ်စစ်ဓာတ်အားပေးလုပ်ငန်း ၂၀ဝကျော်ကို လျှပ်စစ်မီးများ ပေးခဲ့ကြောင်း တိုကျိုလျှပ်စစ်စွမ်းအား ကုမ္ပဏီက ပြောကြားခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်