နွားထိုးကြီးမြို့နယ်၌ သုံးမြွှာပူး ကလေးမိခင်အား ထောက်ပံ့ငွေကျပ် ငါးသိန်း ပေးအပ်

မြင်းခြံ   ဇန်နဝါရီ   ၂၉

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ကြာပွားကျေးရွာအုပ်စု၊ မကျီးကုန်းကျေးရွာမှ သုံးမြွှာပူးကလေး မိခင်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မြင်းခြံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဇန်နဝါရီ ၂၈ ရက်က ထောက်ပံ့ငွေများ သွားရောက် ပေးအပ်ခဲ့ရာ ကလေးမိဘများဖြစ်သည့် ဦးပြည့်ဖြိုးအောင် - ဒေါ်ထွေးထွေးတို့အား  မြင်းခြံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရီရီဝင်းက ငွေကျပ် ငါးသိန်း ထောက်ပံ့ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သုံးမြွှာပူးကလေးများသည် ပြင်ပဆေးခန်းတွင် ၂၀၂၁ ခုနှစ် ဇူလိုင် ၄ ရက်က မွေးဖွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)