Naypyitaw State Academy ၂၀၂၂-၂၀၂၃ ပညာသင်နှစ် နှုတ်ဆက်ပွဲနှင့် Physical Fitness Dance သင်တန်းဆင်းပွဲကျင်းပ

နေပြည်တော်၊ စက်တင်ဘာ ၈

 

အနာဂတ်မြန်မာနိုင်ငံတော်တွင် အားကိုးအားထားပြုထိုက်သည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်း လာရေးကို ရည်ရွယ်၍ Naypyitaw State Academy ၏ ဗလငါးတန်ဖွံဖြိုးရေး လူငယ်သီတင်းပတ် (Youth Week) အစီအစဉ်အနေဖြင့် လူငယ်များ မိတ္တဗလနှင့် ကာယဗလ ပြည့်စုံစေရေးအတွက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် နှုတ်ဆက်ပွဲ (Farewell) နှင့် Physical Fitness Dance သင်တန်းဆင်းပွဲကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် Naypyitaw State Academy၊ ဘက်စုံခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် Naypyitaw State Academy ဒုတိယပါမောက္ခချုပ်(စီမံ) ဒေါက်တာနုနုလွင်က အဖွင့်အမှာစကား ပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများက Naypyitaw State Academy သီချင်း ဖြင့် သီဆိုဖျော်ဖြေကြသည်။ ထို့နောက် Physical Fitness Dance သင်တန်းသူလေးများက သရုပ်ပြ ဖျော်ဖြေကြပြီး Naypyitaw State Academy ဒုတိယပါမောက္ခချုပ်(သင်တန်း) ဒေါက်တာစိုးစိုးအောင်က သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက အဆို၊ အက၊ အလှများဖြင့် ဖျော်ဖြေကြသည်။

 

အခမ်းအနားသို့ Naypyitaw State Academy မှ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ တွဲဖက်ပါမောက္ခ (ဌာနမှူးများ)၊ ဆရာ၊ ဆရာမ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

(သတင်းစဉ်)