Naypyitaw State Academy လူငယ်သီတင်းပတ် (Youth Week) အထိမ်းအမှတ် လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲ ကျင်းပ

နေပြည်တော် စက်တင်ဘာ ၅

အနာဂတ်မြန်မာနိုင်ငံတော်တွင် အားကိုးအားထားပြုထိုက်သည့် လူ့စွမ်းအားအရင်း အမြစ်များ ပေါ်ထွန်းလာရေးကို ရည်ရွယ်၍ Naypyitaw State Academy၏ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်သီတင်းပတ် (Youth Week) အစီအစဉ်အနေဖြင့် လူငယ်များ ဉာဏဗလနှင့် ဘောဂဗလ ပြည့်စုံစေရေးအတွက် “လူငယ်နှင့် အလုပ်အကိုင် အခွင့် အလမ်း” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲနှင့် ဟောပြောပွဲကို ယနေ့ မွန်းလွဲ ၂ နာရီတွင် Naypyitaw State Academy ဘက်စုံခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ Naypyitaw State Academy မှ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ လူငယ်စကားဝိုင်းကို ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင် နှင့် Naypyitaw State Academy မှ ကျောင်းသားကျောင်းသူ ၄ ဦးတို့က “လူငယ်နှင့် အလုပ်အကိုင်အခွင့်အလမ်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးကြရာ တက်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။ 

ဆက်လက်၍ IGE Group မှ Group CEO ဦးသန်းဝင်းဆွေက “လူငယ်နှင့်အလုပ်အကိုင်အခွင့်အလမ်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောပြီး ကျောင်းသားကျောင်းသူများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

ထို့နောက် စကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးကြသူများကို ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းကလည်းကောင်း၊ “လူငယ်နှင့်အလုပ် အကိုင်အခွင့်အလမ်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောပေးသူကို   ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ကလည်းကောင်း ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်