Naypyitaw State Academy ရှေးဦးပြုစုခြင်း အခြေခံသင်တန်း(၁/၂၀၂၃) သင်တန်းဆင်းပွဲ ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၁၉

 

Naypyitaw State Academy ရှေးဦးပြုစုခြင်း အခြေခံသင်တန်း (၁/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါ Academy ဘက်စုံခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားကို ကျောင်းသား ကျောင်းသူများက “ကမ္ဘာကသိမည် တို့ကြက်ခြေနီ သီချင်းဖြင့် သီဆိုဖျော်ဖြေ ဖွင့်လှစ်ခဲ့ပြီး ဒုတိယပါမောက္ခချုပ်(စီမံ) ဒေါက်တာနုနုလွင်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် နေပြည်တော် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌက အမှာစကား ပြောကြားပြီး တိုင်းကြက်ခြေနီဥက္ကဋ္ဌက ကျောင်းအတွက် First Aid Kid နှင့် အထောက်အကူပြု ပစ္စည်းများ လွှဲပြောင်းပေးအပ်ကာ သင်တန်းသားများက ရှေးဦးပြုစုခြင်း သရုပ်ပြကြသည်။

 

ယင်းနောက် သင်တန်းသားများကို သင်တန်းဆင်း လက်မှတ်ပေးအပ်၍ သင်တန်းတွင် ထူးချွန်သူများကို ဆုချီးမြှင့်ပြီး သင်တန်းနည်းပြ ဆရာ ဆရာမများကို ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။

 

အဆိုပါသင်တန်းကို Naypyitaw State Academy ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီ၏ ဦးဆောင်စီစဉ်မှုဖြင့် ဇန်နဝါရီ ၇ ရက်မှ ၁၅ ရက်အထိ စနေ၊ တနင်္ဂနွေနေ့များတွင် ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းသား သင်တန်းသူ ၄၁ ဦး တက်ရောက် ခဲ့ကြောင်းသိရသည်။

 

သတင်းစဉ်