Naypyitaw State Academy သုတေသနနည်းစနစ်များ ဆိုင်ရာဟောပြောပွဲကျင်းပ

 

နေပြည်တော်၊ ဖေဖော်ဝါရီ ၈

Naypyitaw State Academy တွင် ကျောင်းသား၊ ကျောင်းသူများအတွက် သုတေသန နည်းလမ်းများကို စနစ်တကျ နားလည်သိရှိစေရန်နှင့် အသုံးချသုတေသနများကို ထိရောက်စွာဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ သုတေသနနည်းစနစ်များ (Research Methodology) ဆိုင်ရာ ဟောပြောပို့ချခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် Naypyitaw State Academy၊ ဘက်စုံခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းက သုတေသန နည်းစနစ်များ (Research Methodology) ဆိုင်ရာ အချက်အလက်စုဆောင်းသည့် နည်းလမ်းများ၊ ကိန်းရှင်များနှင့် တိုင်းတာသည့်စကေးများ၊ တွက်ချက်မှုများအတွက် R နှင့် R Studio တို့၏ အခြေခံ သဘောတရားများ၊ ဇယားအမျိုးမျိူးတွက်ချက်ပုံ၊ သရုပ်ဖော်စာရင်းအင်းပညာ တွက်ချက်ပုံနှင့် ပတ်သက်သည့် သိကောင်း စရာများကို ဆွေးနွေးဟောပြောသည်။

အဆိုပါ အခမ်းအနားသို့ Naypyitaw State Academy မှ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ တွဲဖက်ပါမောက္ခ (ဌာနမှူးများ)၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

သတင်းစဉ်