နှစ်ကုန်ပိုင်းတွင် နည်းပညာမြင့် ရေပြင် မြေပြင်ချေမှုန်းရေး စစ်သ‌င်္ဘောများ လက်ခံရဖွယ်ရှိ

မော်စကို ၂၇ ဒီဇင်ဘာ


ရုရှားနိုင်ငံ ရေတပ် စစ်ရေယာဉ်များ တည်ဆောက်နေတဲ့ Russia’s United Shipbuilding Corporation (USC) ဟာ ရုရှားရေတပ်အတွက် တည်ဆောက်နေတဲ့ ရေပြင်၊ မြေပြင် တိုက်ခိုက်ရေး စစ်ရေယာဉ် Ivan Gren နဲ့  တတိယမြောက် တည်ဆောက်ထားတဲ့ ဖရီးဂိတ်အမျိုးအစား စစ်ရေယာဉ် Admiral Makarov 11356 ကို ဒီနှစ်ကုန်ပိုင်းမှာ လွှဲပြောင်းပေးနိုင်ဖို့ မျှော်မှန်းထားကြောင်း USC မှာ အကြီးအကဲ Alexei Rakhmanov ရဲ့ ပြောကြားချက်အရ သိရပါတယ်။


“Admiral Makarov လို စစ်ရေယာဉ်တွေဟာ ရုရှားရေတပ်အတွက် အများကြီးလိုအပ်ပါတယ်။ အီလက်ထရောနစ် စစ်ဆင်ရေးနဲ့ လက်နက်ပိုင်းဆိုင်ရာ ပြဿနာ အချို့ရှိခဲ့ပေမယ့် ဖြေရှင်းနိုင်ခဲ့ပြီး ဖရီးဂိတ်စစ်ရေယာဉ် Admiral Makarov ကို လွှဲပြောင်းဖို့ ရာနှုန်းပြည့် အသင့်ဖြစ်နေပါပြီ။  တာဝန်ထမ်းဆောင်မယ့် အမှုထမ်းတွေနဲ့ စစ်ရေယာဉ်ပေါ်က နည်းပညာ ရပ်ဆိုင်ရာ၊ စစ်ဆင်ရေးဆိုင်ရာတွေမှာ လိုက်ရောညီထွေဖြစ်ဖို့ လေ့ကျင့်နိုင်အောင် ဒီနှစ်အတွင်း လွှဲပြောင်းသွားမှာပါ။” လို့ Alexei Rakhmanov က ပြောကြားခဲ့ပါတယ်။ Admiral Makarov လို ဖရီးဂိတ်စစ်ရေယာဉ်တွေဟာ ရုရှားရေတပ် ပင်လယ်နက် ရေယာဉ်စုမှာ တာဝန်ထမ်းဆောင်းနေဆဲ ဖြစ်ပါတယ်။


တိုက်ခိုက်ရေး သ‌င်္ဘော Ivan Gren ကတော့ ရုရှားရေတပ်ရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီမှုရှိအောင် သုံးကြိမ်ထက်မနည်း ပြန်လည်ပြုပြင်မှုတွေ လုပ်ခဲ့ရ‌တယ်လို့ သိရပါတယ်။ စစ်ရေယာဉ် နှစ်စီးလုံးက နည်းပညာတွေဟာ လက်ရှိ စစ်ရေယာဉ်တွေထက် သိသိသာသာ ကွာခြားပြီး Ivan Gren ကို ၂၀၁၆ ခုနှစ်မှာ ပင်လယ်ပြင်စမ်းသပ်မှုတွေ အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပါတယ်။ စစ်ရေယာဉ်ကို ကမ်းရိုးတန်း စစ်ဆင်ရေးတွေနဲ့ ထောက်ပံ့ရေး တာဝန်တွေ ထမ်းဆောင်နိုင်ဖို့ ဒီဇိုင်းဆွဲတည်ဆောက်ထားတာလည်း ဖြစ်ပါတယ်။


တည်ဆောက်ပြီးစီးသွားတဲ့ စစ်ရေယာဉ် ၂ စီးလုံးကို ရုရှားရေတပ် သင်္ဘောကျင်း Yantar မှာပဲ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။


Global New Light  of Myanmar